SJ WorldNews - шаблон joomla Авто

ညောင်ဦးမြို့နယ် ယဉ်ဆန်းကျေးရွာ၌ စက်ရေတွင်း ရေစုပ်ပန့် ပျက်စီးနေမှု ပြုပြင်ပေးရန် လိုအပ်

Sunday, 15 October 2017 12:30 Written by  font size decrease font size decrease font size increase font size increase font size

ညောင်ဦး အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ယဉ်ဆန်းကျေးရွာ၌ JICA နှင့် လူထုဗဟိုပြု စီမံကိန်း အစီအစဉ်ဖြင့် သွယ်တန်းယူခဲ့သည့် စက်ရေတွင်းမှာ မြေအောက်ရေစုပ်ပန့် ပျက်စီးနေသည့်အတွက်   ပြုပြင်ပေးရန် ကျေးရွာပြည်သူလူထုမှ လိုလားနေကြောင်း သိရသည်။

အဆိုပါစက်ရေတွင်းမှ ရေကို လူဦးရေ ၁၃ဝဝ ကျော်၊ ဆိတ်အကောင်ရေ ၁ဝဝ ကျော်နှင့် နွားအကောင်ရေ ၇ဝဝ ခန့် မှီခို  သောက်သုံးနေရပြီး ယခုရက်ပိုင်းတွင်   မိုးရွာသွန်းသည့်အတွက် ကျေးရွာရှိ သောက်သုံးရေကန်ကြီးတွင် ရေအနည်းငယ် ဝင်ရောက်သဖြင့် သောက်သုံးရေ ရရှိနေသော်လည်း စက်ရေတွင်း ရေစုပ်ပန့်ပျက်စီးနေသဖြင့် ပွင့်လင်းရာသီတွင် သောက်သုံးရေ ရှားပါးမည်ကို ဒေသခံများ  စိုးရိမ်နေကြကြောင်း သိရသည်။            

Read 16 times
Rate this item
(0 votes)
Last modified on Sunday, 15 October 2017 12:31