SJ WorldNews - шаблон joomla Авто

အနံ့ဆိုးများ ထွက်နေသော အမှိုက်ပုံကြီးကို ရွှေ့ပြောင်းပေးရန် လိုလား

Friday, 06 October 2017 09:58 Written by  font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အထွက် မဒေါက်-ရွှေကျင်သွား ကားလမ်းမဘေး၌ရှိနေသော အနံ့ထွက်နေသည့် အမှိုက်ပုံကြီးသည် မြို့အင်္ဂါနှင့် မညီညွတ်သည့်အပြင် ဒေသခံပြည်သူများ၊ နေ့စဉ်ခရီး သွားလာနေကြသူများပါ မကျန် ကျန်းမာရေး ထိခိုက်နိုင်ပါ၍ အမှိုက်ပုံကြီးကို ရွှေ့ပြောင်းပေးရန် ဒေသခံပြည်သူများက လိုလားလျက် ရှိကြောင်း သိရသည်။

''ညောင်လေးပင်မြို့နယ်မှာရှိတဲ့ အမှိုက်စွန့်ပစ် ကားတွေဟာ စွန့်ပစ်အမှိုက်တွေကို အမှိုက်ပုံထဲအထိရောက်အောင် မစွန့်ပစ်ဘဲ ကားလမ်းမပေါ်မှာတင် ပုံထားခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေး ထိခိုက်မှုတွေကလည်း ခံစားနေရတယ်။ ညောင်လေးပင်-မဒေါက် ကားလမ်းဘေးမှာ ရှိတဲ့ စွန့်ပစ်အမှိုက်ပုံမှ အမှိုက်တွေကို အမှိုက်ပုံရဲ့အတွင်းထိရောက်အောင် ပုံထားခဲ့ခြင်း မရှိတာကြောင့် အခုလိုလမ်းမပေါ်အထိ အမှိုက်တွေ ရောက်ရှိနေပြီး အမှိုက်ပုံမှထွက်တဲ့ ရေဆိုးရေညစ်တွေပါ ကားလမ်းပေါ်ထိ စီးဆင်းနေတာကြောင့် သွားလာရာမှာ အခက်အခဲဖြစ်နေရတာပါ''ဟု ဒေသခံတစ်ဦးက ပြောသည်။

အနံ့ဆိုးများထွက်ရှိပြီး ကျန်းမာရေး ထိခိုက်နိုင်ကာ မြို့အင်္ဂါနှင့် မညီညွတ်သော အဆိုပါအမှိုက်ပုံကြီးကို အမြန်ဆုံး ရွှေ့ပြောင်းပေးရန် ဒေသခံပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။ 

Read 44 times
Rate this item
(0 votes)
Last modified on Friday, 06 October 2017 10:00