SJ WorldNews - шаблон joomla Авто

ကံဘဲ့ ကျေးရွာမှ တွံတေးမြို့တွင်း ကားလမ်းမကြီး အထိ လမ်းလယ်မျဉ်းရေးဆွဲပေးစေလို

Friday, 22 September 2017 10:49 Written by  font size decrease font size decrease font size increase font size increase font size

တွံတေး  စက်တင်ဘာ  ၂၁

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ကို မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ပြည်သူများနှင့်  ယာဉ် မောင်းများက

ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရေး အတွက် ကံဘဲ့ကျေးရွာမှ  တွံတေးမြို့တွင်း ကားလမ်းမကြီး အထိ လမ်းလယ်မျဉ်းရေးဆွဲပေးရန် လိုလားလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကံဘဲ့ကျေးရွာမှ တွံတေးမြို့တွင်း ကားလမ်းအထိကို လမ်းလယ်မျဉ်းရေးဆွဲ ပေးခြင်းဖြင့် မော်တော်ယာဉ်မောင်းနှင်သူ များအနေဖြင့် မိမိယာဉ်ကြောအတိုင်းသာ မောင်း နှင်ကြ မည်ဖြစ်ပြီး ယာဉ်မတော်တဆမှု များလည်း လျော့နည်းစေမည်ဖြစ်ကြောင်း၊ ယာဉ် မတော် တဆမှုများဖြစ်ပွားပါက ဥပဒေ၏ အကာအကွယ်ကိုရရှိမည်ဖြစ်ပြီး ယာဉ် ကြောမှား ယွင်းသူ သာလျှင် ပြစ်ဒဏ်ကျခံစေ ရမည်ဖြစ်သည့်အပြင် မြို့အင်္ဂါရပ်နှင့်လည်း ညီညွတ်ကာ မော်တော်ယာဉ်များ စနစ်တကျ မောင်းနှင်လာကြမည်ဖြစ်ကြောင်း အငှား ယာဉ်မောင်း တစ်ဦးက ပြောသည်။

ကံဘဲ့ကျေးရွာမှ တွံတေးမြို့သို့ မော်တော် ယာဉ်များ မောင်းနှင်ရာတွင် ဗောင်းတော်ချုပ် ဘုရား ရှေ့မှ မြို့ရှောင်လမ်းနှင့် မူလလမ်း ဟောင်းဟူ၍ရှိသော်လည်း မော်တော်ယာဉ် အများစုမှာ မြို့ရှောင် လမ်းမှသာ မြို့တွင်းသို့ ဝင်/ ထွက်မောင်းနှင်ကြသဖြင့် မော်တော်ယာဉ်များ မိမိယာဉ်ကြော အတိုင်း ဘေးကင်း စွာမောင်းနှင်နိုင်ရေးအတွက် လမ်းလယ်မျဉ်း ဆွဲပေး စေ လိုခြင်းဖြစ် ကြောင်း သိရသည်။

Read 16 times
Rate this item
(0 votes)
Last modified on Friday, 22 September 2017 12:09