SJ WorldNews - шаблон joomla Авто

အောက်ခြေ ဆွေးမြည့်နေသော ဆက်သွယ်ရေး ကွန်ကရစ်တိုင်ကို ပြုပြင်ပေးစေလို

Thursday, 22 February 2018 09:58 Written by  font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက် မဉ္ဇူလမ်းရှိ MIDP ကုန်တင်ယာဉ် စခန်းအနီးရှိ ဆက်သွယ်ရေးကွန်ကရစ်တိုင်မှာ သက်တမ်းကြာမြင့်သဖြင့် အောက်ခြေပြတ်ပြီး ဆွေးမြည့်နေပါသည်။ အဆို ပါ အောက်ခြေဆွေးမြည့်နေသော ကွန်ကရစ်တိုင်အနီးတွင် ဖြတ်သန်းသွားလာနေသော လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်များမှာ မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်လာ နိုင်ပါသည်။

သို့ဖြစ်ပါ၍ ဆွေးမြည့်နေသော ကွန်ကရစ်တိုင်ကို အမြန်ဆုံးပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ သို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

Read 192 times
Rate this item
(0 votes)
Last modified on Friday, 08 June 2018 14:33