SJ WorldNews - шаблон joomla Авто

ညောင်လေးပင်မြို့၌ နှစ်တစ်ရာကျော်ရှိ ရှေးဟောင်းကျောင်းဆောင်ကြီး ပြန်လည် ပြုပြင်ရန် အလှူရှင်များလိုအပ်

Sunday, 21 January 2018 09:07 Written by  font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် ဇန်နဝါရီ ၂ဝ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက် ဘုရားကြီးလမ်းရှိ ကုသိနာရုံ ပါဠိသိပ္ပံကျောင်းတိုက်၌ သံဃာတော်များ သီတင်းသုံးနေထိုင်လျက်ရှိသော နှစ်တစ်ရာကျော်ရှိ ရှေးဟောင်းကျောင်းဆောင်ကြီး ပြန်လည်ပြုပြင်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။ ''ဒီရှေးဟောင်းကျောင်းဆောင်ကြီးဟာ ၁၉ဝ၅ ခုနှစ်ကတည်းက တည်ဆောက်ထား ခဲ့တာဖြစ်ပါတယ်။ မူလကျောင်း အလှူရှင်များနဲ့ ဆက်သွယ်လို့မရတော့တဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့နဲ့ မူလရှေးဟောင်းလက်ရာများ မပျောက်ပျက်အောင် နိုင်ငံတော် အစိုးရအနေနဲ့လည်း လာရောက်လေ့လာ ကူညီပံ့ပိုးပေးစေချင်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေကို မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းလိုကြတဲ့ ဒကာ၊ ဒကာမ တွေအနေနဲ့လည်း စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဆက်သွယ်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ချင်ပါတယ်''ဟု ပါဠိသိပ္ပံကျောင်းတိုက် ဆရာတော် အရှင်ကဝိသေဋ္ဌာ လင်္ကာရက မိန့်ကြားသည်။ အဆိုပါ ရှေးဟောင်းကျောင်းဆောင်ကြီးသည် အလျား ၃၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့် ၃၆ ပေရှိ အုတ်စီသွပ်မိုး ရှေးဟောင်းကျောင်းဆောင် တစ်ခုဖြစ်သည်။ ယင်းကျောင်းဆောင်ကြီးသည် နှစ်ပေါင်းကြာပြီဖြစ်၍ ငလျင်လှုပ်သည့် အခါတွင် အက်ကွဲကြောင်းများပို၍ များလာကာ နံရံများမှာလည်း ကွာကျနေပြီဖြစ်သည်။ ထိုသို့ ကျောင်းဆောင်ပျက်စီးလာခြင်းကြောင့် ရှေးဟောင်းလက်ရာကျောင်းဆောင် တစ်ခုပြိုကျပျက်စီးမည်ကို သံဃာတော်များက စိုးရိမ်လျက်ရှိပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

Read 129 times
Rate this item
(0 votes)
Last modified on Sunday, 21 January 2018 09:12