SJ WorldNews - шаблон joomla Авто

မဲဇာအောက်ပိုင်းကျေးရွာအုပ်စုခြောက်အုပ်စု မီးလင်းရေးဆောင်ရွက်ပေးစေလို

Friday, 29 December 2017 12:52 Written by  font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာအောက်ပိုင်း ညောင်ကုန်း ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ သောင်မြင်းကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁၇ ရွာမီးလင်းရေးအတွက် တစ်အိမ်လျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းကောက်ခံကာ ဗုဓလတ်ကျေးရွာ အနောက်ဘက်ကားလမ်းမကြီးဘေးရှိ မြေကွက်လပ်တွင် ဗုဓလတ်ဓာတ်အားခွဲရုံ ၃၃/ ၁၁ ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၅ဝ ကေဗွီ-၃၃/၁၁ထရန်စဖော်မာတစ်လုံးကို အခမဲ့ပေးအပ်တပ်ဆင်ပေးထားသည်။ သို့သော် အဆိုပါကျေးရွာများတွင် မီးအမြန်ရရှိမည် ဆိုသောကြောင့် ဒေသခံပြည်သူများက ကျေးရွာများအတွင်း မီးကြိုးများသွယ်တန်းထားသည်မှာ နှစ်နှစ်ကျော်မျှကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးရရှိခြင်းမရှိသေးပါ။ သို့ဖြစ်ပါ၍ အဆိုပါ ကျေးရွာများတွင် လျှပ်စစ်မီးအမြန်ရရှိစေရေးအတွက် သက်ဆိုင် ရာတာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးပါရန် မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် တင်ပြအပ်ပါသည်။

 

Read 168 times
Rate this item
(0 votes)
Last modified on Friday, 29 December 2017 12:55