SJ WorldNews - шаблон joomla Авто

အောက်ခြေပေါ်နေသော လျှပ်စစ်ဓာတ်မီးတိုင်အား ပြုပြင်ပေးစေလို

Wednesday, 27 December 2017 09:19 Written by  font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၈၉/၅)အနီး တောင်စောင်း၌ စိုက်ထူထားသော လျှပ်စစ်ဓာတ်မီးတိုင် အမှတ်(၂ဝ၉)မှာ မိုးတွင်းကာလ တောင်ကျရေ တိုက်စားခဲ့မှု များကြောင့် မြေများပြိုကျကာ ယခုအခါ ဓာတ်တိုင်အောက်ခြေများ ပေါ်နေပါသည်။ ယင်းလျှပ်စစ်ဓာတ်မီးတိုင်မှာ ငါးပြေမဓာတ် အားခွဲရုံမှတစ်ဆင့် ဟိုင်းကြီးကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် မော်တင်စွန်းဘုရားသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လမ်းကြောင်းတွင်တည်ရှိနေပြီး ဓာတ်တိုင်လဲကျပါက လမ်းအသုံးပြုသွားလာနေသော ခရီးသွားပြည်သူများအတွက် အန္တရာယ်ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါအောက်ခြေပေါ်နေသော လျှပ်စစ်မီး တိုင်ကို အမြန်ဆုံးပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေးတင်ပြအပ်ပါသည်။

 

Read 273 times
Rate this item
(0 votes)
Last modified on Wednesday, 27 December 2017 09:28