SJ WorldNews - шаблон joomla Авто

ကွန်ကရစ် ရေပြွန်တံတား ပျက်စီးနေမှု ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ လိုလား

Sunday, 24 December 2017 07:34 Written by  font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မြစ်သေးခြင်း ကျေးရွာနှင့် နားတိုင်း ဖန်း၊ တုံးမွန်းကျေးရွာကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကွန်ကရစ် ရေပြွန်တံတား ပျက်စီးနေမှုကို ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။

''အခု တံတား မကောင်းတော့ အများပြည်သူတွေပဲ အခက်အခဲ ဖြစ်ကြရတယ်။ တံတားပေါ်ကို ဝန်တင်ထားတဲ့ သစ်ကားကြီးများနဲ့ ဆီတင်ကားကြီးတွေ မောင်းတော့ ဒီလမ်းတံတား ပျက်နေ တာ။ သွားလို့ရအောင် ကွင်းလမ်းဘက်ကနေ သွားတော့လည်း အဆင်မပြေပါဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ကွန်ကရစ် ရေပြွန်တံတားသည် ကျေးရွာအုပ်စုများမှ ဗန်းမောက်မြို့နယ်နှင့် ဝန်းသိုမြို့နယ်သို့ သွားလာရန်အတွက် အားထားရသော တံတားဖြစ်ပြီး ပျက်စီးနေမှုကြောင့် ရှောင်တိမ်း သွားလာနေရသဖြင့် ပြန်လည် ပြုပြင်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)

Read 17 times
Rate this item
(0 votes)
Last modified on Sunday, 24 December 2017 07:35

Latest from ရွှေတည်