SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၈)ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး ACAMM XVIII အကြို ညစာစားပွဲသို့ တက်ရောက်

Wednesday, 22 November 2017 16:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ နိုဝင်ဘာ ၂၂

စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 8th ASEAN Chiefs of Army Multilateral Meeting- ACAMM XVIII အကြို ညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် စင်ကာပူနိုင်ငံ၊ Swissotel Stamford Hotel ၌ ကျင်းပပြုလုပ်ရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ အာဆီယံ ကြည်းတပ် ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် လုပ်သက်ရင့် အရာခံဗိုလ် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 43 times Last modified on Wednesday, 22 November 2017 16:43