SJ WorldNews - шаблон joomla Авто

မြန်မာ -ဖင်လန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Tuesday, 21 November 2017 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၂ဝ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Timo Juhani Soini ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာဖင်လန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖင် လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu လည်း တက်ရောက်သည်။

Read 48 times Last modified on Tuesday, 21 November 2017 09:50