SJ WorldNews - шаблон joomla Авто

(၄၇)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

Friday, 17 November 2017 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    နိုဝင်ဘာ    ၁၆

၂ဝ၁၇  ခုနှစ်၊  (၄၇)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိ   တပ်မတော် အားကစားကွင်း၌  ကျင်းပပြုလုပ်ရာ   စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အားကစားသမားများ၊  နည်းပြများ၊  အရာရှိ၊  စစ်သည်၊ မိသားစုများ   တက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့် အမှာစကား ပြောကြားသည်။  ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ  အမျိုး သား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။

အဆိုပါ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ် အားကစားပြိုင်ပွဲကို တိုင်း၊ တပ်မ ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၃၄ သင်းက အားကစားနည်း ၂၃ နည်းဖြင့်  နိုဝင်ဘာ ၂၃ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 63 times Last modified on Friday, 17 November 2017 08:33