SJ WorldNews - шаблон joomla Авто

ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် မြစ်ကြီးနားမြို့၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Sunday, 13 August 2017 07:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်း ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် ယနေ့ နံနက်ပိုင်းမှ စတင်၍ လယ်ကုန်းရပ်ကွက်၊ ရေကြည်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ နေရာများသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် လယ်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၂၃၈ ဦး၊ ရေကြည်ရပ်ကွက်မှ အိမ်ထောင်စု ၂ဝ စု၊ လူဦးရေ ၃၃ ဦးနှင့် မြို့သစ်ကြီး ရပ်ကွက်မှ အိမ်ထောင်စု ၃ဝ စု၊ လူဦးရေ ၆ဝ ဦးတို့ကို ရေဘေးလွတ်ရာ နေရာများသို့ တပ်မတော်မှ မော်တော်ယာဉ်များ၊ ရော်ဘာလှေများဖြင့် ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ရေဘေးသင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 61 times Last modified on Sunday, 13 August 2017 07:10