SJ WorldNews - шаблон joomla Авто

တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကူညီ ထောက်ပံ့ပေးရေး ဆွေးနွေး

Wednesday, 15 November 2017 09:00 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် Philippines International Convention Centre (PICC) ရှိ ဧည့် ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လျှပ်စစ်မီး ရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဝင်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စားချေးငွေပေးရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံအကူအညီ ပေးသွားမည့်ကိစ္စ၊ ကားလမ်း ဖောက်လုပ်ရန်နှင့် လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ေ ရာက်ကြသည်။

Read 16 times Last modified on Wednesday, 15 November 2017 09:05