SJ WorldNews - шаблон joomla Авто

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး၊ နယ်စပ် ဆက်ဆံရေးရုံး (BLO) အပြန်အလှန် ဖွင့်လှစ် ထူထောင်ရေး ကိစ္စရပ်များ ဆွေးနွေး

Wednesday, 15 November 2017 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

စတုတ္ထအကြိမ်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ် Grand Ballroom II ၌ ကျင်းပသည်။

အစည်းအဝေးတွင် တတိယအကြိမ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့၏ နယ်စပ်ဆိုင်ရာ အစည်းအဝေး သဘောတူညီချက်များမှ ဆောင်ရွက်ရန်အချက်များ၊ နယ်စပ်ဒေသ၌ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိစေရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်ရန် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်သော တပ်ရင်းမှူးအဆင့်၊ ကွပ်ကဲရေးမှူးအဆင့် ပုံမှန်အလံတင် အစည်းအဝေးများ ကျင်းပ၍ ဆွေးနွေးညှိနှိုင်းရေး၊  အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ခြင်းနှင့် အပြန်အလှန် ဆက်သွယ်မှုများ အလေးထား ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဟန်ချက်ညီပူးပေါင်း ကင်းလှည့်ခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူး မှုများ တားဆီးနှိမ်နင်းရေးတွင် ထိရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ တရားမဝင် ငါးခိုးဖမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများ ဖမ်းဆီးခြင်းနှင့် လွှဲပြောင်း/လက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး၊ နယ်စပ် ဆက်ဆံရေးရုံး (BLO) အပြန်အလှန် ဖွင့်လှစ် ထူထောင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်  ရဲချုပ် အောင်ဝင်းဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ်  Mr. Abul Hossain, ndc, psc, P Eng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သီးခြားတွေ့ဆုံ နှုတ်ဆက်ပြီး သင်္ဂဟဟိုတယ် Grand Ballroom II ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်အောင်ဝင်းဦး  တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read 16 times Last modified on Wednesday, 15 November 2017 08:59