SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာ အနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

Tuesday, 14 November 2017 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ အနီး၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသော  လိုဏ်ဂူသုံးခုအား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သည်။

အလားတူ ယနေ့တွင်လည်း မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များက  တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကျောက်ပန္တုကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝ ခန့် အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့်  အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်များဖြင့် ပြုလုပ်ထားသော မြေအောက်ကျင်းတံခါးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေခွဲရှိ  မြေကျင်းအား  အမိုးပေါ်တွင်  ၆ လက်မပတ်လည် သစ်သားမျောတုံးများဖြင့် ကာရံထားသည့်  မြေအောက်လူလုပ် လိုဏ်ဂူတစ်ခုကို   ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ လိုဏ်ဂူတွေ့ရှိခဲ့သည့် ကျေးရွာ အနီးတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်မံအသေးစိတ် စစ်ဆေးရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Tuesday, 14 November 2017 08:31