SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ လက်ဖွဲ့ကျကျေးရွာအနီး သင်္ဘောလှချောင်းကမ်းပါး၌ မိုင်းနှင့် ဆက်စပ် ပစ္စည်း များ သိမ်းဆည်းရမိ

Wednesday, 18 October 2017 22:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ အောက်တိုဘာ - ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ လက်ဖွဲ့ကျကျေးရွာ၊ သင်္ဘောလှချောင်းကမ်းပါးအနီး၌ လက်လုပ်မိုင်းများတွေ့ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ အောက်တိုဘာ ၁၇ ရက်ညနေ ၆ နာရီ ၄၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ နေရာအား သွားရောက်စစ်ဆေးရာ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော သံပိုက်ဖြင့်ပြုလုပ်ထားသည့် အချင်း ၇ လက်မ၊ အလျား ၆ ဒသမ ၅ လက်မရှိ လက်လုပ်မိုင်း ၄ လုံး၊ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော အချင်း ၃ လက်မ၊ အလျား ၈ လက်မရှိ ဒေသန္တရ လက်လုပ် မိုင်းအသေး ၁ လုံး၊ အချင်း ၁၁ လက်မ၊ အရှည် ၆ လက်မရှိ ဒေသန္တရလက်လုပ်မိုင်းအကြီး ၁ လုံး၊ အဝေးထိန်း ခလုတ် Transmitter Remote Control ၈ ခု၊ Receiver Circuit ၂ ခု၊ ၀ါယာကြိုး(နီ/နက်) ၄၀ ပေ၊ ၀ါယာကြိုး(နီ/၀ါ) ၅၆ ပေ၊ ၀ါယားကြိုး(အဖြူ) ၉ ပေနှင့် အသုံးပြု၍မရသော CDMA 450 အထိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 55 times Last modified on Wednesday, 18 October 2017 23:03