SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် USIP ၏ အကြီးတန်းအကြံပေးအရာရှိနှင့် ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

Wednesday, 18 October 2017 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၇


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေးအရာရှိနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Mr. Derek J. Mitchell အား ယနေ့ နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ Mr. Richard Gordon၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)မှ နာယက ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ International Federation of Red Cross and Red Crescent(IFRC)မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဌာနခွဲ ဒါရိုက်တာ Mr. Xavier Castellanos ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဂုဏ်ထူးဆောင်နာယက ပါမောက္ခ ဒေါက်တာသာလှရွှေနှင့် မြန်မာနိုင်ငံအခြေစိုက် IFRC ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr. Joy Singhal တို့ပါဝင်သော ကြက်ခြေနီလှုပ်ရှားမှု ကိုယ်စား လှယ်အဖွဲ့အား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေ အနေများနှင့် ယင်းအရေးကိစ္စ အား ဖြေရှင်းရန် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင် ရွက်မှုများအား ကူညီပံ့ပိုးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီ လှုပ်ရှားမှုကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ထိခိုက်ခံစားခဲ့ရသော လူမှုအသိုက်အ၀န်း အားလုံးအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရှိန်အဟုန်မြှင့် ပေးအပ်နိုင်ရန် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုထိရောက် ကောင်းမွန်စေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)
Read 48 times Last modified on Wednesday, 18 October 2017 08:51