SJ WorldNews - шаблон joomla Авто

ရသေ့တောင် မြို့နယ်၊ ချွတ်ပြင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 17 October 2017 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ချွတ်ပြင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်း သား ပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ကကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသ ပေးမှုများနှင့် ရောဂါ ရှာဖွေ စမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် အဖွဲ့ ဝင်များက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း  သတင်းရရှိသည်။ 

Read 46 times Last modified on Tuesday, 17 October 2017 08:49