SJ WorldNews - шаблон joomla Авто

မိုင်းရှူးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

Friday, 13 October 2017 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ နားစံကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ  ဒေသခံပြည်သူ များအား အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ် လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုး/အကြော ရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ နှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၁၃၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သော လူနာများအား  ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး မိုင်းရှူးမြို့၊ ဓမ္မရောင်ခြည် ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇ  ဘဒ္ဒန္တဝိမလဘိက္ခုနှင့်  မဟာစိတ္တသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာ ဏဝရတို့အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နေ့လယ်ပိုင်းတွင် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မိုင်းရှူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များအား နယ်မြေခံတပ်ရင်း ခန်းမ၌ သွား ရောက်တွေ့ဆုံအမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများပေးအပ် ခဲ့ကြောင်း သတင်းရရှိ သည်။                           

 

Read 72 times Last modified on Friday, 13 October 2017 09:46