SJ WorldNews - шаблон joomla Авто

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်

Thursday, 12 October 2017 21:43 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များအတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်ရင်းဌာနချုပ် ၁ ခု၊ ရဲကင်းစခန်း ၃၀ ခုတို့ကို ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က တစ်ချိန်တည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး ထိခိုက်လာသည့်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၄၁ အရသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ချက်အရလည်းကောင်း၊ အဆိုပါ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှ ယခုသတင်းထုတ်ပြန်ချိန် အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုများ အထိုက်အလျောက်ရှိလာပြီးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ၊ လိုအပ်သည့် စုံစမ်းစစ်ဆေးဆောင်ရွက်မှုများကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိနေကြောင်းနှင့် အချက်အလက်အပြည့်အစုံရရှိပါက တရားဝင်သတင်းထုတ်ပြန်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Read 89 times Last modified on Thursday, 12 October 2017 23:04