SJ WorldNews - шаблон joomla Авто

ရွှေ့ဆိုင်းခဲ့သော မြန်မာနှင့် ကာဂျစ္စတန်ပွဲစဉ် အောက်တိုဘာ ၁ဝ ရက်နောက်ပိုင်းမှသာ ကစားရမည်

Wednesday, 13 September 2017 08:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၂

လုံခြုံရေး အစီအစဉ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသော မြန်မာနှင့် ကာဂျစ္စတန်  ပြန်ကန်ပွဲကို အောက်တိုဘာ ၁ဝ ရက် နောက်ပိုင်းမှသာ   ပြန်လည် ကျင်းပနိုင်မည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်   စီအီးအို  ဦးဘုန်းနိုင် ဇော်က ပြောသည်။

မြန်မာနှင့်  ကာဂျစ္စတန်ပွဲစဉ်  ဒုတိယ အကျော့အဖြစ် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်  အောက်တိုဘာ ၁ဝ ရက်တွင် သုဝဏ္ဏကွင်း၌ကျင်းပသွားမည်ဖြစ်ပြီး  ယင်းပွဲစဉ်ပြီးမှသာ ပြန်ကန်ပွဲ ကစားရဖွယ်ရှိသည်ဟု ဦးဘုန်းနိုင် ဇော်က ပြောသည်။

''အခုလောလော ဆယ်တော့ မြန်မာနဲ့ ကာဂျစ္စတန် ပြန်ကန်ပွဲက ဘယ်တော့လဲ အတည်မပြုနိုင်သေးဘူး။ အောက်တို ဘာ ၁ဝ ရက် မြန်မာနဲ့ ကာဂျစ္စတန်တို့ ဒုတိယ အကျော့ ကစားပြီးမှ ပထမ အကျော့ကို ကစားရဖို့ရှိ တယ်။ ကာဂျစ္စတန်နိုင်ငံမှာ မကစားတော့ဘူး။

ထိုင်းမှာကစားဖို့ စီစဉ်ထားတယ်'' ဟု  ၎င်းက ပြောသည်။ မူလက ကာဂျစ္စတန်နိုင်ငံတွင် ကျင်းပမည့် မြန်မာနှင့် ကာဂျစ္စတန် အာရှဖလား ခြေစစ်ပွဲစဉ်သည် ကာဂျစ္စတန်နိုင်ငံ၏ လုံခြုံရေး အခြေအနေကြောင့်  ရွှေ့ဆိုင်းခဲ့ရပြီး

နောက်    ပြန်ကန်ပွဲယှဉ်ပြိုင်ရန် အတွက် ညှိနှိုင်းမှုများပြုလုပ်ရာတွင် အာရှဘောလုံး အဖွဲ့ချုပ် ဆုံးဖြတ်ချက်မှာ အောက်တိုဘာ ၁ဝရက် နောက်ပိုင်းမှာသာ ဖြစ်လာမည်ဟု သိရသည်။

တီတီ

Read 60 times Last modified on Wednesday, 13 September 2017 08:35