SJ WorldNews - шаблон joomla Авто

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 11 August 2018 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က မစိုးရိမ်တိုက်သစ်ရှိ ဓမ္မမဟိဒ္ဓိကျောင်းဆောင် နှင့် တိကိစ္ဆာလယဆေးကု သဆောင် တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၇ဝဝ ပါးတို့အားခွဲစိတ်ရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေး ခြင်းများဆောင်ရွက်ပေးခြင်း၊ ဓာတ်ခွဲ စမ်းသပ်ပေးခြင်း၊  Ultrasound ရိုက်ပေးခြင်းနှင့်  ECG စက်ဖြင့်  နှလုံးသွေးကြောစမ်းသပ် စစ်ဆေးကုသပေးခြင်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု ဖူးမြော်ကာ လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

...................

Read 25 times Last modified on Saturday, 11 August 2018 09:57