SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး ဦးညွန့်မောင်ရှိန်နှင့် အဖွဲ့အား တွေ့ဆုံ

Thursday, 19 July 2018 09:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်၁ဝ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာ ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ရုံးသို့ ရောက်ရှိပြီး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန် ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။

ရှေးဦးစွာ အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့ စည်းထားရှိသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့၏ လက်ရှိေ ဆာင်ရွက်နေသည့် လုပ်ငန်းများအားရှင်းလင်းပြောကြားရာတွင် ၂ဝ၁၈ ခုနှစ်အတွက် အာဆီယံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးအဖွဲ့များဆိုင်ရာကွန်ရက် (ASEAN-ISIS) ၏ လက်ရှိဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေမှုများ၊ အရှေ့အာရှ ပညာရှင်များဆိုင်ရာကွန်ရက် Network of East Asia Think Tanks (NEAT)၏ ၂ဝ၁၈ ခုနှစ် အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေမှုများ၊ အဖွဲ့၏ အနာ ဂတ်မျှော်မှန်းချက်နှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အကြံ ပြုချက်များဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလိုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များ ကို မှာကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ တက်ရောက်ကြသည်။

Read 115 times Last modified on Thursday, 19 July 2018 10:06