SJ WorldNews - шаблон joomla Авто

KNU/KNLA(PC) အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယတာဝန်ခံ ဗိုလ်မှူး အဆင့်ရှိ စောဒွေးအောင်ဦးစီးအင်အား ၂၃ ဦး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင်အတွင်း ၀င်ရောက်

Wednesday, 18 July 2018 20:36 font size decrease font size decrease font size increase font size increase font size

  နေပြည်တော်၊ ဇူလိုင် - ၁၈

KNU/KNLA(PC) အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင်(ဘ) ဦးသန်းတင် ဦးစီး အင်အား ၂၃ ဦးတို့သည် သာမန် ပြည်သူဘ၀ဖြင့် အေးချမ်းစွာနေထိုင်လိုခြင်း၊ မိသားစု ဘ၀တိုးတက်ရေးအတွက် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်လိုခြင်းတို့ကြောင့် ယနေ့နံနက် ၁၁ နာရီခန့်တွင် ဘားအံမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်သို့ ၎င်းင်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်း များနှင့်အတူ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်ခဲ့သည်။

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် ဗိုလ်မှူးအဆင့်ရှိ စောဒွေး အောင် ဦးစီးအဖွဲ့အား ဘားအံမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမတွင် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ရန်နောင်စိုး၊ ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် တို့မှ နွေးထွေးစွာ ကြိုဆို၍ အမှာစကားပြောကြားပြီး လက်နက်၊ ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများအား လက်ခံခဲ့ရာ စောဒွေးအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

အဆိုပါ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် KNU/KNLA(PC) အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင် ဦးစီးအဖွဲ့ဝင်များအား ဘားအံမြို့နှင့် မြိုင်ကလေးမြို့တို့ရှိ နယ်မြေခံတပ်များ၌ ယာယီအခြေ ပြုနေထိုင်နိုင်ရေး အုပ်ချုပ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

 

 

 

 

 

 

 

Read 134 times Last modified on Wednesday, 18 July 2018 21:16