SJ WorldNews - шаблон joomla Авто

အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ(က)အသင်း ထိုင်းအသင်းနှင့်တွေ့ဆုံ

Monday, 16 July 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဇူလိုင်    ၁၅

အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့်  မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၂ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အသက် ၂ဝနှစ်အောက် အမျိုးသား ဘော်လီဘော (20th South East Asian  Men's U-20 Volleyball Championship 2018) ပြိုင်ပွဲ  Semi  Final ပွဲစဉ် များကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ယှဉ်ပြိုင်ကစားသည်။                                                

ပထမ ပွဲစဉ်တွင် ထိုင်းအသင်းက မြန်မာ အသင်း(ခ)ကို ၂၅-၁၆ ၊ ၂၅-၁၆ ၊ ၂၅-၁၂ သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် မြန်မာ အသင်း(က)က  မလေးရှား အသင်းကို ၂၅-၁၇ ၊ ၂၅-၁၄၊ ၂၅- ၁၆ သုံးပွဲပြတ်ဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိသည်။

အဆိုပါ ပြိုင်ပွဲများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

တတိယလုပွဲအဖြစ် ဇူလိုင် ၁၆ ရက် (ယနေ့) မွန်းတည့် ၁၂ နာရီတွင် မြန်မာအသင်း(ခ)နှင့် မလေးရှားအသင်း၊ ဗိုလ်လု ပွဲအဖြစ် မွန်းလွဲ ၂နာရီတွင် မြန်မာ အသင်း (က)နှင့် ထိုင်းအသင်းတို့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ အသီးသီး ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း  သိရသည်။

မောင်မောင်စိုး

Read 105 times Last modified on Monday, 16 July 2018 08:36