SJ WorldNews - шаблон joomla Авто

ထိပ်ဆုံးမှ ရန်ကုန် အသင်းနိုင်ပွဲရပြီး ရတနာပုံ အသင်း တတိယနေရာ ရောက်လာ

Monday, 16 July 2018 08:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     ဇူလိုင်     ၁၅

၂ဝ၁၈ ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂ဝ)နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းတွင် ဆက်လက် ကျင်းပရာ ရန်ကုန်၊ ရတနာပုံနှင့် ဇွဲကပင် အသင်းတို့ အနိုင်ရခဲ့သည်။

YUSC  ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို ၅ ဂိုး-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အိမ်ကွင်း ဖြစ်သည့် YUSC ကွင်း၌  ပြန်လည် ကစားသည့်  ပထမဆုံးပွဲတွင် ရန်ကုန်အသင်းဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့ပြီး ချန်ပီယံ ဆုနှင့် ပိုမိုနီးစပ်လာခဲ့သည်။

ရန်ကုန်အသင်းသည် လက်ကျန်သုံးပွဲ အလိုတွင် ထိပ်ဆုံး၌နှစ်မှတ်အသာဖြင့် ဦးဆောင်နေပြီး   တစ်ကျော့ပြန် ဗိုလ်စွဲရန်  အခြေအနေ ကောင်းသွားခဲ့သည်။ စစ်ကိုင်းအသင်း၏  ရုန်းကန်မှုကြောင့် ရန်ကုန်အသင်းသည် ပွဲ အစတွင် ရုန်းကန်ခဲ့ရကာ ၂၈ မိနစ်တွင် ဂိုးရပြီး နောက်ပိုင်းမှသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။  ရန်ကုန် အသင်း အတွက် အဖွင့်ဂိုးကို ဆယ်လာကထောင့်ကန်ဘောမှတစ်ဆင့် သွင်းယူခဲ့ပြီး ပထမပိုင်းတွင် လေးဂိုး အထိ သွင်းယူနိုင်ခဲ့သည်။

ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၃၄ မိနစ်တွင် မောင်မောင်လွင်၊ ၃၆ မိနစ်တွင် ဆယ်လာနှင့် ၄၄ မိနစ်တွင် အီမန်နျူရယ် တို့က သွင်းယူခဲ့သည်။  ဒုတိယပိုင်းအစတွင် စစ်ကိုင်းအသင်း ချေပဂိုးရရန် တိုက်စစ်အား မြှင့်လာပြီး မိနစ် ၆ဝ တွင် ဘမ်ဘာနှင့် ၇၂ မိနစ်တွင် မျိုးမင်းဖြိုး တို့က သွင်းယူခဲ့သည်။ ၇၅ မိနစ်တွင် ရန်ကုန်အသင်း ဂိုးထပ်ရခဲ့ပြီး မောင်မောင်လွင်က သွင်းယူခဲ့ကာ စစ်ကိုင်း အသင်း၏ ချေပဂိုး ထပ်ရရေး မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့သည်။

မန္တလာ သီရိကွင်း၌  ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက GFA အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံ အတွက် ဂိုးများကို ၆ မိနစ်တွင် စည်သူအောင်၊ ၄၅ မိနစ်တွင် ဝင်းနိုင်စိုးတို့က သွင်းယူပြီး မိနစ် ၉ဝ တွင်ရရှိသည့် အနိုင်ဂိုးမှာ GFA နောက်ခံလူ အီဖာ ဘောလုံးဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည် GFAအတွက် ဂိုး များကို ၅၄ မိနစ်တွင် ဂျော်ဒန်၊ ၇၈ မိနစ်တွင် အီမန်နျူရယ်က သွင်းယူခဲ့သည်။  သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင် အသင်းက မြဝတီအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွဲကပင် အသင်း အတွက် အနိုင်ဂိုးကို ၉မိနစ်တွင် ရန်ကျော်ထွေးက သွင်းယူခဲ့သည်။

ပွဲစဉ်(၂ဝ)အပြီးတွင်  ရန်ကုန်အသင်းက ၄၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက် အသင်းက ၄၃ မှတ်၊ ရတနာပုံနှင့် ဇွဲကပင် အသင်းက ရမှတ် ၃ဝ စီ၊ ဟံသာဝတီ အသင်းက ၂၉ မှတ်၊ Southern နှင့် မကွေး အသင်းက ၂၇ မှတ်စီ၊ ဧရာဝတီအသင်းက ၂၆ မှတ်၊ ရခိုင်အသင်းက ၂၅ မှတ်၊ စစ်ကိုင်း အသင်းက ၂၁ မှတ်၊ GFA အသင်းက ၁၇ မှတ်၊ မြဝတီ အသင်းက နှစ်မှတ်ရထားသည်။

Read 103 times Last modified on Monday, 16 July 2018 10:34