SJ WorldNews - шаблон joomla Авто

တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး

Friday, 13 July 2018 09:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၂

နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်ရခိုင်ပြည်နယ်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။         

(သတင်းစဉ်)

Read 29 times Last modified on Friday, 13 July 2018 09:01