SJ WorldNews - шаблон joomla Авто

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံတွင် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများကို ၀မ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသ

Friday, 13 July 2018 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၂

အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများနှင့် ပတ်သက်၍ ၀မ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းကို ဇူလိုင် ၁၀ ရက်မှ ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ အစာအိမ်အူ လမ်းကြောင်းနှင့် အသည်းခွဲစိတ်ကု ဌာနကြီးမှူး ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်သန်း သန်းရီ ဦးဆောင်သော ခွဲစိတ်ကုသမှု အဖွဲ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ TAYLOR'S တက္ကသိုလ်မှ  ပါမောက Kin   Fah  Chin  နှင့်ပူးပေါင်း၍ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံပြည်သူများမှ အူကျွံခြင်းရောဂါဝေဒနာရှင် နှစ်ဦး၊ အ၀လွန်ခြင်း ရောဂါဝေဒနာရှင်တစ်ဦး၊ စားချဥ့်ပြန်ခြင်း ရောဂါ ဝေဒနာရှင်တစ်ဦး၊ ပင်မသည်းခြေလမ်း ကြောင်း ကျောက် တည်ခြင်း ရောဂါဝေဒနာ ရှင်တစ်ဦးတို့အား ၀မ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

အဆိုပါခွဲစိတ် ကုသမှုသည် နိုင်ငံတကာအဆင့်မီ   နောက်ဆုံးပေါ် ခွဲစိတ်ကုသမှု နည်းပညာဖြစ်ပြီး ၀မ်းဗိုက်အား ဒဏ်ရာကြီးမားစွာ ခွဲစိတ်ကုသရန် မလိုဘဲ အပေါက်ငယ် လေးများဖြင့်သာ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းဖြစ်သဖြင့် ဒဏ်ရာသေးငယ်ခြင်း၊ နာကျင်မှု သက် သာခြင်း၊ ဆေးရုံမှဆောလျင်စွာ ဆင်းနိုင်၍ အချိန်တိုအတွင်း လုပ်ငန်းခွင် ပြန်လည် လုပ်ကိုင်နိုင် ခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိသည်။

ယင်းသို့ မလေးရှားနိုင်ငံမှ ပါမောက္ခများ လာရောက်ကုသပေးသည့်အတွက် လူနာများအတွက်  ကုန်ကျစရိတ် သက်သာစေသည့်အပြင် ဆရာဝန်နှင့် သူနာပြုများအတွက်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနေသော၊ နည်း ပညာမြင့် မားသော  ခွဲစိတ်ကိရိယာများကို ကိုင်တွယ် ခွဲစိတ် လေ့လာရခြင်းဖြင့် အသိပညာ၊  အတတ်ပညာများ ပိုမို တိုးစေမည် ဖြစ်သည်။ ယခုကဲ့သို့   နိုင်ငံတကာမှ ခွဲစိတ်ကုသမှုပါရဂူများနှင့်  ပူးပေါင်းဆောင်ရွက် ကုသ ပေးမှုမှာ အဋ္ဌမ အကြိမ်မြောက်ဖြစ်သည်။

ထို့ပြင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးမှ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းခွဲစိတ်ကုဌာနတွင်  နိုင်ငံတကာ အဆင့်မီ နောက်ဆုံးပေါ် စက်ကိရိယာများကို အသုံးပြု၍ အစာအိမ်အူလမ်းကြောင်း၊ အသည်းနှင့် သည်းခြေ လမ်းကြောင်းဆိုင်ရာ ရောဂါများကို စမ်းသပ်ကြည့် ရှု ရောဂါရှာဖွေခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

...............

Read 14 times Last modified on Friday, 13 July 2018 08:52