SJ WorldNews - шаблон joomla Авто

ဝင်းနိုင်ထွန်း၏ နောက်ကျ သွင်းဂိုးဖြင့် ထိုင်းကို အနိုင်ယူပြီး မြန်မာ ယူ-၁၉ အသင်း ဗိုလ်လုပွဲတက်

Friday, 13 July 2018 08:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၂

အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင် အဖြစ် ကျင်းပလျက်ရှိသည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ထိုင်းလက်ရွေးစင်ယူ-၁၉ အသင်းတို့သည် ယနေ့တွင် ယှဉ်ပြိုင်ကစားရာ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် မြတ်ကောင်းခန့်၊ ပြည့်စုံနိုင်၊ စိုးမိုးကျော်၊ လွင်မိုးအောင်၊ ၀င်းနိုင်ထွန်း၊ ရဲရင့်အောင် စသည့်အဓိကကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်း ကလည်း လူစုံထုတ်ကာ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

ယင်းပွဲစဉ်တွင် နှစ်သင်းစလုံးက တိုက်စစ်အသားပေး ကစားကွက်ဖြင့် အပြန်အလှန် ထိုးဖောက်ကစားခဲ့သည်။

ပထမပိုင်းတွင် ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကစားခဲ့ပြီး မြန်မာအသင်းက ဂိုးကန်သွင်းမှု များရရှိ ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သောကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းက တိုက်စစ်မြှင့်ပြီး မြန်မာ အသင်းကို ဖိကစားလာသော်လည်း မြန်မာဂိုးသမားနှင့် နောက်တန်း ကစားသမားတို့က အကောင်းဆုံးကာကွယ်နိုင်ကာ တန်ပြန်တိုက်စစ်မှ တစ်ဆင့် ထိုင်း အသင်းကို ပြန်လည် ဖိအားပေးခဲ့သည်။

ထို့နောက် ပွဲချိန် ၈၆ မိနစ်တွင် မြန်မာအသင်းက ထိုင်းအသင်း တိုက်စစ်ဆင်မှုကို ဖျက်ထုတ်ပြီး တန်ပြန်တိုက် စစ်ဆင်ရာမှ တိုက်စစ်မှူး ၀င်းနိုင်ထွန်း တစ်ဦးတည်း အပိုင်အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချ နိုင်ခဲ့သောကြောင့် မြန်မာအသင်းက အနိုင်ဂိုး ရရှိခဲ့သည်။

ယင်းနောက် ထိုင်းအသင်းက လက်ကျန် မိနစ်များတွင် ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း မြန်မာအသင်းက အနိုင်ဂိုးကို  ထိန်းထားနိုင်သောကြောင့် ပွဲအပြီးတွင် မြန်မာ ယူ-၁၉ အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် မြန်မာ ယူ-၁၉ အသင်းသည် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် ဒုတိယပွဲတွင် အင်ဒိုနီးရှား အသင်းကို အနိုင် ရရှိခဲ့သည့် မလေးရှား အသင်းနှင့် ဇူလိုင်၁၄ ရက်တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ် ကြောင်း သိရသည်။

တီတီ

 

Read 21 times Last modified on Friday, 13 July 2018 08:32