SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံ

Thursday, 12 July 2018 15:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇူလိုင် - ၁၂

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ တောင်နှင့်အရှေ့တောင်အာရှ အဖွဲ့ခေါင်းဆောင် Mr. Shin Umezu တို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်၊ဘူးသီးတောင် မောင်တောဒေသတွင် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများအား မိမိတို့နိုင်ငံ အစိုးရနှင့် တပ်မတော်မှ အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းဆောင်ရွက်နေ အခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း INGO အဖွဲ့အစည်းများမှ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကူညီဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပြုလုပ်နေမှု အခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သည် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Thursday, 12 July 2018 15:31