SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ(တတိယအစည်းအဝေး)သို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

Wednesday, 11 July 2018 20:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇူလိုင် - ၁၁

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ (တတိယ အစည်းအဝေး)သို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့ ညနေပိုင်းတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ တက်ရောက်ကြပြီး TNLA အဖွဲ့မှ ဦးဖုန်ခွင်း(ခ)ဦးဖုန်ဝင်းနိုင်၊ MNDAA အဖွဲ့မှ ဦးတားခူးလန်း၊ AA အဖွဲ့မှ ဦးညိုထွန်းအောင်နှင့် တာဝန်ရှိသူ တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ဆိုင်ရာ ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား အမှတ်တရ လက်ေ ဆာင် ပစ္စည်းများ ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 51 times Last modified on Wednesday, 11 July 2018 20:24