SJ WorldNews - шаблон joomla Авто

အာဆီယံ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်း တွေ့ဆုံ

Wednesday, 11 July 2018 08:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၀

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်(ယနေ့) မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တစ်ချိန်တည်း ကျင်းပမည်ဖြစ်ပြီး ထိုင်းအသင်းနှင့် မြန်မာ အသင်း၊ ဗီယက်နမ်အသင်းနှင့် သြစတြေးလျ ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုတွင် ဒုတိယ နေရာသာ ရခဲ့သောကြောင့် လက်ရှိချန်ပီယံ ထိုင်းအမျိုး သမီး အသင်းနှင့် တွေ့ဆုံခြင်းဖြစ်ပြီး  အာဆီယံအမျိုးသမီးပြိုင် ပွဲတစ်လျှောက် ဆီမီးဖိုင်နယ်တွင် ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ကာ ၂၀၁၂ ပြိုင်ပွဲတွင် ပထမအကြိမ် တွေ့ဆုံစဉ်က  မြန်မာအသင်းသည် အသင်းခေါင်းဆောင် စန်းစန်းမော်၏ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် အာဆီယံ အမျိုးသမီးပြိုင် ပွဲတွင် အုပ်စု အဆင့်နှင့်   ဗိုလ်လုပွဲ၌ အကြိမ်ကြိမ်တွေ့ဆုံ ဖူးသော်လည်း ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမှု နည်းပါးသည်။

မြန်မာအသင်းနှင့်ထိုင်းအသင်းသည် ပြိုင်ပွဲမတိုင်မီကမှ ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ အသင်းက တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့သည်။  နောက်ဆုံးကျင်းပသည့် ၂၀၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင်  မြန်မာ အသင်းနှင့် ထိုင်းအသင်းတွေ့ဆုံခဲ့ခြင်း မရှိဘဲ ၂၀၁၇ဆီးဂိမ်းပြိုင်ပွဲတွင် တွေ့ဆုံခဲ့ရာ ထိုင်းအသင်းက ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ အမျိုးသမီးအသင်းသည် အုပ်စုလေးပွဲတွင် တစ်ပွဲလျှင် ပျမ်းမျှအနည်းဆုံး သုံးဂိုးနှင့် အထက်သွင်း ယူနိုင်ခဲ့ သော်လည်း ဗီယက်နမ် နှင့်ပွဲတွင်   လေးဂိုးပေးလိုက်ရသည့် အပြင် အုပ်စုလေးပွဲတွင်  နှစ်ပွဲဂိုး ပေးထားရသော ကြောင့် ခံစစ်ပိုင်း အမှား နည်းအောင် ပြင်ဆင် ရဖွယ်ရှိနေသည်။

မြန်မာအမျိုး သမီးအသင်းသည် အုပ်စုပွဲများတွင် ဖိလစ်ပိုင်အသင်းကို ၄ ဂိုး-ဂိုးမရှိ၊  အင်ဒိုနီးရှားအသင်းကို ၆ ဂိုး-၁ ဂိုး၊ စင်ကာပူ အသင်းကို ခုနစ်ဂိုးပြတ်ဖြင့်အနိုင်ရပြီး ဗီယက်နမ်အသင်းကို ၄ ဂိုး-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

 

 

Read 29 times Last modified on Wednesday, 11 July 2018 08:53