SJ WorldNews - шаблон joomla Авто

ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး လေးယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် ပွဲများကျင်းပ

Wednesday, 11 July 2018 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁၀

၂၀၁၈ ခုနှစ်  တိုင်းဒေသကြီးနှင့်ပြည်နယ်  ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ များ၏ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲများကို ယနေ့နံနက် ၉  နာရီမှစတင်၍  နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ကျင်းပသည်။

အမျိုးသားလေးယောက်တွဲ  အဖွဲ့လိုက် ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကြရာ  မွန်ပြည်နယ် အသင်းက  ရှမ်းပြည်နယ် အသင်းကို ၂ ပွဲ-၁ ပွဲ ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို    နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊

ကချင်ပြည်နယ်အသင်းက   မန္တလေးတိုင်း ဒေသကြီးအသင်းကို ၂ ပွဲ-၁ ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက ကရင် ပြည်နယ်အသင်းကို   နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။

အမျိုး သမီးလေးယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်များ အဖြစ် ယှဉ်ပြိုင်ကြရာရန်ကုန်တိုင်း ဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက  နေပြည်တော် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်း ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို   နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

 ဆက်လက်၍   ဆီမီးဖိုင်နယ်ပွဲအဖြစ် ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို  နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိသည်။

အဆိုပါ အမျိုးသားလေးယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲနှင့် အမျိုးသမီးလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများ၏   တတိယ လုပွဲနှင့် ဗိုလ်လုပွဲများကို  ဇူလိုင် ၁၁ ရက်(ယနေ့) နံနက် ၉ နာရီတွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌  ဆက်လက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။

မောင်မောင်စိုး

Read 22 times Last modified on Wednesday, 11 July 2018 08:39