SJ WorldNews - шаблон joomla Авто

နေပြည်တော် ၀န်ကြီး ဌာနပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲစတင်ကျင်းပ

Wednesday, 11 July 2018 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၀

၂၀၁၈ ခုနှစ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ  ၀ဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို    တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊  ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းများ  တက်ကြွရွှင်လန်းစွာ မိမိတို့ တာဝန်များကို  ပိုမိုထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်သည်။                            

ဖွင့်ပွဲအခမ်းအနား သို့ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးခင်မောင်ချို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယ၀န်ကြီး   ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန အခြေခံ ပညာ ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ ၀န်ကြီးဌာန အသီးသီးမှ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အဖွင့် အမှာစကားပြောကြားပြီး ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်  တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

ယနေ့ အဖွင့်ပွဲစဉ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန အသင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို ၁၀ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

အဆိုပါ ပြိုင်ပွဲများကို ၀န်ကြီးဌာန ၁၂ခုမှ သုံးသင်း တစ်အုပ်စုခွဲကာ အုပ်စုလေးစုခွဲပြီး ဇူလိုင် ၂၀ရက်အထိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ၀ဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၃)တို့၌ ဆက်လက်ယှဉ်ပြိုင် ကစားသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

Read 29 times Last modified on Wednesday, 11 July 2018 08:33