SJ WorldNews - шаблон joomla Авто

အောင်လအန်ဆန်၏ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ဇွန် ၂၉ ရက်တွင် ကျင်းပမည်

Tuesday, 24 April 2018 09:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဧပြီ   ၂၃

MMA ဘက်စုံကိုယ်ခံ ပညာသုံးပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆု ရရှိထားသည့် မြန်မာကစားသမား   အောင်လ အန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်တွင် ကမ္ဘာ့ ချန်ပီယံဆုကာကွယ်ပွဲ နှစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇွန်လတွင် မစ်ဒယ် ဝိတ်တန်း၊ စက်တင်ဘာလ တွင် လိုက်ဟဲဗီးဝိတ်တန်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ MMA ပြိုင်ပွဲများကို တာဝန်ယူ ကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် မူလက ၂ဝ၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြိုင်ပွဲ တစ်ကြိမ်သာ ကျင်းပရန်စီစဉ် ထားသော်လည်း ယခုအခါ  သုံးကြိမ်အထိ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ဇွန် ၂၉ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆု ကာကွယ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ပြိုင်ဘက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ အောင်လအန် ဆန်သည် ၂ဝဝ၅ ခုနှစ်တွင် MMA ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ချန်ပီယံ စိန်ခေါ် ပွဲများ စတင်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။

၂ဝ၁၇ ခုနှစ်   ဇွန် ၃ဝ ရက်တွင် ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲတွင်  ရုရှားနိုင်ငံသား ဗစ်တာ လီဘစ် ဒက်ရှ်ကို   ရှုံးကြွေးပြန်ဆပ်ကာ  ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။  ထို့ပြင် ယခုနှစ် ဖေဖော်ဝါ ရီတွင်  ဝိတ်တန်းတက်ကာ လိုက်ဟဲဗီးဝိတ်  ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား  မာချာဒိုနှင့် ယှဉ်ပြိုင်ရာ ပထမ အချီမှာပင် ခြေကန်ချက်ဖြင့် အနိုင်ယူပြီး ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံ ဆုရသည့် ဒုတိယ မြောက်ကစားသမား ဖြစ်လာခဲ့သည်။

လက်ရှိတွင် အောင်လအန်ဆန်သည် ကမ္ဘာ့ ချန်ပီယံဆု ကာကွယ်ပွဲများ ယှဉ်ပြိုင်ရန် အမေရိကန် နိုင်ငံ၌ လေ့ကျင့် ပြင် ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။         

 

Read 95 times Last modified on Tuesday, 24 April 2018 09:38