SJ WorldNews - шаблон joomla Авто

ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့် သင်တန်းများမှ သင်တန်း တာဝန်ခံ အရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူ မျိုးဆက်သစ် လူငယ်များ၏ စကားသံများ

Tuesday, 24 April 2018 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၂၃

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိ ပညာများ ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုး ဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ တပ်မတော်(လေ)က လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းများကို ဧပြီ ၂၃ ရက်တွင် သက်ဆိုင်ရာမြို့နယ် အသီးသီး၌ တစ်ပြိုင်တည်း ဖွင့်လှစ်ကြရာ ယင်းတို့ထဲမှ ရန်ကုန်မြို့နှင့် တောင်ငူမြို့ တို့မှ  ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း၊ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း တာဝန်ခံ အရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ မျိုးဆက်သစ် လူငယ်များ၏ စကားသံများကို ဖော်ပြလိုက် ရပါသည်-

ဗိုလ်မှူးဟိန်းကိုကိုဝင်း

(သင်တန်းတာဝန်ခံအရာရှိ၊ ရန်ကုန်မြို့)

ဒီရေကြောင်းလူငယ်အခြေခံတန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းမှာ သင်တန်းတာဝန်ခံ အရာရှိအဖြစ် တာဝန် ထမ်းဆောင်ပါတယ်။ သင်တန်းက ကလေးတွေကို ကိုယ့်ရဲ့ ညီငယ် ညီမငယ်တွေသဖွယ် သတ်မှတ်ပြီး တော့ သင်တန်းကာလလေးပတှ်ာ သင်တန်းကို အောင်မြင်စွာတက်ရောက်နိုင်စေဖို့ ကြိုးစားပြီးတော့ ရင်အုပ် မကွာစောင့် ရှောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်က ဒီသင်တန်းမှာတော့ ဘာသာရပ်ခြောက်မျိုး၊ အခြေခံ တန်းမြင့် ဘာသာရပ် ခြောက်မျိုးကို သင်ကြားပေးသွားမှာဖြစ်ပြီးတော့ သင်တန်းသားတွေ အန္တရာယ်ကင်းဖို့အတွက် လေ့လာရေး ခရီးသွားတဲ့အချိန်ကျရင် သင်္ဘောပေါ် အတက်အဆင်းမှာ ရေပြင်သက်စောင့်အဖွဲ့ တွေနဲ့ စနစ်တကျ ထားရှိပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ပြီးတော့ ကျန်းမာရေးအခြေအနေ ချက်ချင်းအရေးပေါ် ဆောင်ရွက် နိုင်ရန် Medical Cover အဖွဲ့ ဆေးကူညီ ပေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက် ထားရှိပါတယ်။ ကျွန်တော့် အနေနဲ့ ကလေးတွေကို အကြံပြုချင် တာကတော့ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်မှာ အချိန်ကို အကျိုးရှိ စွာအသုံးချပြီး ဒီသင်တန်းကိုလာတက်တာ ဖြစ်တဲ့အတွက် အသိပညာဗဟုသုတတိုးပွား ပြီးတော့ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့ အလေ့အကျင့် ကောင်းတွေကို ရရှိစေလို့ သင်တန်းကို ပြီးမြောက်အောင် တက်ရောက် စေချင်ပါတယ်။

ဗိုလ်ကြီးကျော်စွာထွန်း

(လေကြောင်းလူငယ်သင်တန်းတာဝန်ခံ အရာရှိ ၊ တောင်ငူမြို့)

ကျွန်တော်ကတော့ ယခုလေကြောင်း လူငယ်သင်တန်းတာဝန်ခံ အရာရှိဖြစ်ပါတယ်။ ဒီလေကြောင်းလူငယ် အခြေခံ သင်တန်းကို နောင်အနာဂတ်မှာ လေကြောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေဖို့ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် လေကြောင်းပညာနဲ့ ပတ်သက်တဲ့ဗဟုသုတတွေ၊ ပြီးရင် လေယာဉ် အဆောက်အအုံတည်ဆောက်မှု၊ လေယာဉ်ကိုယ်ထည်တည်ဆောက်မှုတွေကို တန်းမြင့် သင်တန်း တွေမှာ လိုပဲ ကလေးတွေ ကိုယ်တိုင် မောင်းနှင်ရတဲ့ အတွေ့အကြုံတွေရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံ လုံး အတိုင်း အတာအနေနဲ့ အခုလိုလေကြောင်းလူငယ် သင်တန်းစခန်း ၁၄ ခု ဖွင့်လှစ်လျက်ရှိပါတယ်။

ကလေးတွေအတွက် နွေရာသီကျောင်းပိတ် ရက်၊ အားလပ်ရက်အချိန်တွေမှာ လေကြောင်း ဗဟုသုတတွေ ရရှိနိုင်မယ့် ဒီသင်တန်းမှာ စစ်ရေးပြဘာသာရပ်တွေလည်း သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် သူတို့တစ်တွေ သီးခြား စနစ်တကျနေထိုင်မှုပုံစံတွေရရှိလာမှာဖြစ်ပါတယ်။ ပြီးရင် နောင်အနာဂတ်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ရည်မှန်း ချက်တွေရှိရင်လည်း သူတို့တစ်တွေ အကောင်အထည်ဖော်နိုင်ဖို့အများကြီး အထောက်အကူပြုမှာဖြစ်ပါ တယ်။

သင်တန်းမှာ သင်ကြားပေးမယ့် ဘာသာရပ် တွေကတော့ လေကြောင်းသမိုင်း၊ လေယာဉ် ပျံသန်းမှုအခြေခံ သဘောတရား၊ လေယာဉ်တည် ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်ပစ္စည်း တည်ဆောက်မှု အခြေခံ များ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ အခြေခံစစ်ပညာ(လက်နက်မဲ့) ဘာသာရပ်၊ Radio Control/ Remote Control လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းတွေကို စာတွေ့သာမက လက်တွေ့ပါ သင်ကြား ပို့ချ ပေး သွားမှာဖြစ်ပါတယ်။ ကလေးတွေ အနေနဲ့ အပြင်မှာ ဒီဘာသာရပ်တွေကို သင်ကြားပို့ချခြင်း မရှိတဲ့အတွက် လေကြောင်း ဘာသာရပ်နဲ့ ပတ်သက်လို့ အစကနေအဆုံးထိ အားလုံးစိတ်ဝင်စားစရာတွေ ချည်းပါပဲ။ ဒါပေမဲ့ ကလေးတွေ ပိုပြီးစိတ်ဝင်စားမယ့် အပိုင်းကတော့ RC လေယာဉ်မောင်းနှင်မှုဖြစ်ပါတယ်။

ဒီသင်တန်းဟာ ကျွန်တော်တို့ တပ်မတော်လေမှာ ဖွင့်လှစ်တဲ့ သင်တန်းဖြစ်တဲ့အတွက် တပ်မတော်(လေ)ရဲ့ တာဝန် ဝတ္တရားတွေ၊ တပ်မတော် (လေ)ရဲ့လုပ်ထုံးလုပ်နည်းတွေကို သိရှိနားလည်ပြီး အနာဂတ်မှာ နိုင်ငံတော် အတွက် အားကိုး အားထားရတဲ့ လေသူရဲတွေ၊ လေယာဉ်သားတွေ၊ လေကြောင်းအင်ဂျင်နီယာ၊ လေကြောင်း မျိုးဆက် သစ်တွေကို မွေးထုတ်ပေးနိုင်တဲ့ အတွက် ဒီသင်တန်းဟာ တပ်မတော်အတွက်ရော နိုင်ငံတော်အတွက်ပါ များစွာ အကျိုးရှိတဲ့ သင်တန်းဖြစ်တယ်လို့ ကျွန်တော်ကတော့ယူဆပါတယ်။

မောင်နန္ဒရှိန်ကျော်(ရေကြောင်းလူငယ် တန်းမြင့်သင်တန်းသား)

သားရဲ့နာမည်ကတော့ မောင်နန္ဒရှိန်ကျော် ဖြစ်ပါတယ်။ သားအခုတက်နေတဲ့ကျောင်းကတော့ အထက(၂)ဒဂုံအ ရှေ့ပိုင်းမှာ ပညာသင် ကြားနေပါတယ်။ ဒီသင်တန်းတက်ရတဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိဖို့အတွက်ရယ် အချိန်နဲ့ တစ်ပြေးညီလုပ် ဆောင်တတ်စေဖို့ အတွက် တက်ရောက်ခြင်း ဖြစ်ပါတယ်။ မနှစ်က ရေကြောင်း လူငယ် သင်တန်းတက်တော့ ဘာသာရပ်ခြောက်ခုသင်ရပါတယ်။ အဲ့ဒီမှာ ရေကြောင်းလမ်းညွှန် ဘာသာရပ်နဲ့ စစ်ရေးပြ ဘာသာရပ်တွေအပြင် ကြိုးချည်၊ ကြိုးထိုးဘာသာရပ်၊ လှေလှော်ရွက်တိုက်၊ အလံရိုက် စတဲ့ ဘာသာရပ်တွေ သင်ကြား ရပါတယ်။ သားကြိုက်တဲ့ဘာသာရပ်ကတော့စစ်ရေးပြဘာသာရပ်ဖြစ်ပြီးတော့ စစ်ရေးပြ ပြိုင်ပွဲအဖွဲ့မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသင်တန်းတက်ရောက်တဲ့အတွက် အကျိုးကျေးဇူးတွေ အများ ကြီး ရရှိပါတယ်။

ဒီသင်တန်းပြီးသွားရင် နောက်ထပ်လည်း လေကြောင်းလူငယ်သင်တန်းတွေကို ထပ်တက်သွားမှာပါ။ နောင်လာ မယ့် ညီငယ်၊ ညီမ ငယ်တွေလည်း ရေကြောင်းလူငယ် သင်တန်း၊ လေကြောင်းလူငယ် သင်တန်းတွေကို တက်ရောက် ကြ ပါလို့ ပြောချင်ပါတယ်။

မထက်ဣနြေ္ဒသက်(ရေကြောင်းလူငယ်အခြေခံသင်တန်းသူ)

သမီးကတော့ အထက(၁)ဒဂုံကျောင်းမှာ ပညာသင်ယူနေတဲ့ မထက်ဣနြေ္ဒသက်ဖြစ်ပါတယ်။ ဒီသင်တန်းတက် ရတဲ့ ရည်ရွယ်ချက် ကတော့ ရေကြောင်းအခြေခံနည်းတွေကို အားလပ်ရက်မှာ လေ့လာချင်တာရယ်၊ ရေကြောင်း အခြေခံ နည်းစနစ်တွေကိုသင်ကြား ချင်တာရယ်၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်တဲ့ စိတ်ဓာတ်တွေ တိုးတက်လာ စေ ဖို့ရယ် ဒီသင်တန်းကို တက်ရောက်တာဖြစ်ပါတယ်။ နောက်နှစ်လည်း ရေကြောင်းလူငယ် သင်တန်းကို ဆက် တက်ဦး မှာပါ။ ဒီသင်တန်းကပို့ချတဲ့ ဘာသာရပ်တွေနဲ့ နိုင်ငံအတွက်အကျိုးပြုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွား မှာပါ။ ဒါတွေကို လေ့လာသင်ယူပြီးတော့ တိုင်းပြည်အတွက် အားကိုးအားထားရတဲ့ အမျိုးသမီးကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

မောင်လင်းထွဋ်ညီ (ဒသမတန်းဖြေဆိုထားသူ)

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊ မင်္ဂလာဒုံမြို့နယ် (အောင်ဆန်းသူရိယ လှသောင်းကျောင်း)

လေကြောင်းလူငယ်သင်တန်းတက်ခွင့်ရ တဲ့အတွက် အရမ်းပျော်ပါတယ်။ လေကြောင်း သင်တန်းဖွင့်ပေးတဲ့ အတွက် ကြောင့်လည်း အခုလိုသင်တန်းတက်ရောက်ခွင့်ရတာပါ။ အဲ့ဒီအတွက် အရမ်းလည်းကျေးဇူးတင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံ ခွင့်ရလို့ ပျော်ပါတယ်။ နောင်အနာဂတ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးလို့ ဗိုလ်သင် တန်းဖြေတဲ့အခါ ဒီသင်တန်းက ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ တပ်မတော် (လေ)မှာ အရာရှိတစ်ယောက်ဖြစ်ချင်ပါတယ်။ လေယာဉ်မောင်း တဲ့ သူတွေကို အရမ်းအားကျတယ်။ ကိုယ်ဝါသနာပါတဲ့ လေယာဉ်မောင်း သင်တန်းဖြစ်တဲ့အတွက်  သင်တန်းမှာ ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်အောင်လို့ ကြိုးစားသွားပါမယ်။

မမီမီအောင် (နဝမတန်းဖြေဆိုအောင်မြင်သူ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်း -ပဲခူးမြို့)

ဒီသင်တန်းမှာ လေယာဉ်တွေနဲ့ပတ်သက်လို့ ဗဟုသုတရရှိစရာတွေအားလုံးကို မှတ်သားထားချင်လို့ပါ။ ပြီးတော့ လေယာဉ်မှူးတွေ၊ လေယာဉ်မယ်တွေကိုအားကျတယ်။ သမီးလည်း လေယာဉ်မယ်တစ်ယောက်ဖြစ် ချင်ပါတယ်။ ဒီသင်တန်းတက်ရတဲ့အတွက် လေယာဉ်မယ်တစ်ယောက်ဖြစ်ဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်လို့ပါ။ အဲ့ဒါကြောင့် ဒီသင်တန်းမှာ အစွမ်းကုန်ကြိုးစားသင်ယူ သွားမှာပါ။ အရင်နှစ်က ဆုရရှိသွား သူတွေကိုလည်း အားကျပါ တယ်။ ဒီသင်တန်းတက်ခွင့် ရတဲ့အတွက်ကြောင့် အခြေခံစစ်ပညာနဲ့ အခြားဗဟုသုတတွေ အများကြီး ရပါ တယ်။ နောက်နှစ်တွေမှာ သမီးတို့လိုကျောင်းသူတွေ လာရောက်တက်သင့်ပါတယ်။

နေကိုထိုက်၊ ကျော်လွင်၊ အောင်လှိုင်ဝင်း

Read 104 times Last modified on Tuesday, 24 April 2018 09:22