SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင် တပ်နယ်ရှိ မိသားစု ရေသဘင် မဏ္ဍပ်များသို့ သွားရောက် ကြည့်ရှု အားပေး

Monday, 16 April 2018 19:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၆

 မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစု ရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ရေသဘင်မဏ္ဍပ်တွင် မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည် မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ တပ်မတော်အရာရှိကြီးများအား အတာရေများ ပက်ဖျန်းပေးသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် တပ်မတော်အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်) ရေသဘင် မဏ္ဍပ်သို့ ရောက်ရှိကြပြီး မိသားစုသင်္ကြန်ယိမ်း အဖွဲ့များ၏ သီဆို ကပြဖျော်ဖြေမှုများ၊ အရာရှိ၊စစ်သည်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။ ယင်းနောက် သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်မိသားစု များအား အတာရေများ ပက်ဖျန်းပေးကြသည်။

 

ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ သည် တပ်မတော်နည်းပညာ တက္ကသိုလ် ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဗိုလ်လောင်းများနှင့် တပ်မတော်နည်းပညာတက္ကသိုလ်မှ တပ်မတော် အရာရှိကြီးများအား အတာရေများ ပက်ဖျန်းပေးသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ပြင်ဦးလွင် တပ်မတော်ဆေးရုံ ရေသဘင် မဏ္ဍပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစု ရေသဘင်မဏ္ဍပ်များသို့ သွားရောက်၍ မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး အရာရှိ၊ စစ်သည်မိသားစုများအား အတာရေများ ပက်ဖျန်းပေးသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

 

 

 

Read 220 times Last modified on Monday, 16 April 2018 20:29