SJ WorldNews - шаблон joomla Авто

ရှင်ပြု ရဟန်းခံရန် အခက်အခဲ ရှိသော ဒေသခံပြည်သူ များအား ပြင်ဦးလွင် တပ်နယ် မိသားစုများက စုပေါင်းရှင်ပြု ၊ ရဟန်းခံ အလှူဒါန ပြုလုပ်

Sunday, 15 April 2018 11:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ ၁၅

ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆင်းရဲနွမ်းပါးသဖြင့် ရှင်ပြု ၊ ရဟန်းခံရန် အခက်အခဲ ရှိသူများအား ပြင်ဦးလွင်တပ်နယ် မိသားစုများက နှစ်သစ်ဦး ဒါနအဖြစ် ရှင်ပြု ၊ ရဟန်းခံ အလှူတော် မင်္ဂလာ အခမ်းအနားကို၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၄)ရှိ ပုညကာရီခဲလယ် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းရဟန်းခံ ရှင်ပြု ရဟန်းခံ အလှူတော် မင်္ဂလာ အခမ်းအနားကို မြို့နယ်သြ၀ါဒ စရိယ ပုညကာရီခဲလယ် ကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နန္နိသေန အမှူးပြု သော ဆရာတော် ၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး ပြင်ဦးလွင်တပ်နယ် တပ်မှူး ဦးစီး တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုများ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံ ပြည်သူများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ တပ်နယ်မှူးနှင့် တက်ရောက် လာကြသူများက ပုညကာရီခဲလယ် ကျောင်းတိုက် ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နန္နိသေန အမှူးပြုသော သံဃာတော် (၈၀)ပါးအား သိမ်ဆင်းလောင်းလှူ ပူဇော်ခဲ့ကြသည်။ ထို့နောက် တပ်နယ်မှူးနှင့် တက်ရောက် လာကြသူ များက ပုညကာရီခဲလယ် ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ရဟန်း /ရှင်သာမဏေ လောင်းများအား ဆံချခြင်းနှင့် ပဗ္ဗဇ္ဇအမွေ ရဟန်း /ရှင်သာမဏေ အဖြစ် သွပ်သွင်း ချီးမြှင့်ခြင်း ၊ ဆရာတော် ၊ သံဃာတော်များအား နေဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ် များအား နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားတွင် တပ်နယ် မိသားစုများက ဒေသခံပြည်သူများထံ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ပစ္စည်းများ အမှတ်တရ လက်ဆောင် များအဖြစ် ပေးအပ် လှူဒါန်းခဲ့သည်။ ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆင်းရဲနွမ်းပါး သဖြင့် ရှင်ပြု ၊ ရဟန်းခံရန် အခက်အခဲ ရှိသူများအား ပြင်ဦးလွင်တပ်နယ် မိသားစုများက နှစ်သစ်ဦး ဒါနအဖြစ် ရှင်ပြု၊ ရဟန်းခံ အလှူဒါနပြုရာတွင် ရှင်သာမဏေလောင်း (၁၇)ပါး၊ ရဟန်းလောင်း(၄၃)ပါး၊ ရဟန်း/သာမဏေ စုစုပေါင်း (၆၀)ပါးတို့ကို သာသနာ့ဘာင်သို့ သွတ်သွင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

Read 210 times Last modified on Monday, 16 April 2018 08:20