SJ WorldNews - шаблон joomla Авто

တိုင်းစစ်ဌာနချုပ် အသီးသီး၌ မြန်မာရိုးရာ အတာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

Sunday, 15 April 2018 11:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ ၁၄

မြန်မာ့ရိုးရာ အစဉ်အလာ နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ ဧပြီ ၁၃ ရက် ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ

တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအက အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ထိုသို့ တိုင်းစစ်ဌာနချုပ် အသီးသီး၌ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ရွှေနေကြာ ရေကစား မဏ္ဍပ်၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်က မြိတ်တပ်နယ် မဟာသင်္ကြန် ဗဟိုရေကစား မဏ္ဍပ်၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘူးသီးတောင် တပ်နယ်ရှိ မိသားစု ရေကစားမဏ္ဍပ်၊ ၀ါးခုတ်ချောင်း တပ်နယ်ရှိ မိသားစု ရေကစားမဏ္ဍပ်နှင့် ဘူးသီးတောင်မြို့၊ မြို့ရေကစား မဏ္ဍပ်တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တိုင်းစစ် ဌာနချုပ်ဗဟို မဏ္ဍပ်၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နန်းမြို့သူ ဖျော်ဖြေရေး မဏ္ဍပ်၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌ လည်းကောင်း ပြုလုပ်ကြပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယိမ်းအကအလှ များဖြင့် ယှဉ်ပြိုင်ကပြ ဖျော်ဖြေခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာ ရေပက်ကစားခြင်း တို့ဖြင့် အတာ ရေသဘင် ပွဲတော်ကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 210 times Last modified on Monday, 16 April 2018 08:20