SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်များ ပျော်ရွှင်စွာ ဆင်နွှဲ

Sunday, 15 April 2018 11:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ ၁၄

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်အား ယနေ့တွင် တိုင်းစစ် ဌာနချုပ် အားကစားခန်းမ၌ ဆက်လက် ပြုလုပ်ရာ

တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ယိမ်း အဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြ အားပေးကြပြီး သင်္ကြန်ယိမ်း အဖွဲ့များ၏ ကပြဖျော်ဖြေမှု များအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စ၀်လုံကပ်နတ် နန်းပန်းခြံ အတွင်း၌ ပြုလုပ်သော ကျိုင်းတုံမြို့၏ (၆၀၇)နှစ်မြောက် ကျိုင်းတုံရိုးရာ မဟာသင်္ကြန် မင်္ဂလာ မဟာစည်တော်ပို့ လမ်းလျှောက် သင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

အလားတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကို တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ ဆက်လက်ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး သင်္ကြန်ယိမ်း အဖွဲ့များ၊ တေးသံရှင်များ၏ သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြကာ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲ၍ စတုဒီသာ မုန့်များဖြင့် ကျွေးမွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 54 times Last modified on Monday, 16 April 2018 08:20