SJ WorldNews - шаблон joomla Авто

50th media LETHWEI FIGHT မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

Wednesday, 14 March 2018 09:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်    ၁၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H&S Group တို့ပူးပေါင်းစီစဉ်ကျင်းပသည့်  မြန်မာနှင့်ထိုင်း လက်ဝှေ့ကျော်များစွာ ပါဝင်ယှဉ်ပြိုင်ထိုးသတ် မည့် 50th media LETHWEI FIGHT မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို  ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။

၎င်းပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ ပွဲစဉ်ပေါင်း ခုနစ်ပွဲပါဝင် ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ လူငယ် ရိုးရာ လက်ဝှေ့ ကစားသမားများ ယှဉ်ပြိုင် ထိုးသတ်မည့် ပွဲစဉ်များအဖြစ် ဒေါင်းဖြူလေး (Adventure) နှင့် ကျော်နိုင်(တိုက်ဂါး)၊ သွေးသစ်မောင် (အဖြူရောင်သွေးသစ်)နှင့် ကျော်ဇင်လတ် (ရွှေသ ထုံ)၊ ကျော်လင်းထူး (ရွှေသထုံ)နှင့် ထွန်းတောက်ကြယ် (မုဒုံစတား)၊ သိန်းစိုး (အဖြူရောင် သွေးသစ်)နှင့် အောင်နေထူး(ဒို့ရိုးရာ) စသောပွဲစဉ်များ ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။                                     

မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲစဉ်များ အနေဖြင့် ရဲသွေးနီ(မြန်မာ)နှင့်ဝမ်ဖစ်(ထိုင်း)၊ ကရင်လေး (မြန်မာ)နှင့် ဘန်ဒါဆတ်(ထိုင်း)၊ စိုးလင်းဦး (မြန်မာ)နှင့် ပါရော့စမွေ (ခ)ဝီဂျစ်(ထိုင်း)စသော ပွဲစဉ်များ ယှဉ်ပြိုင် ထိုးသတ် သွားမည်ဖြစ်သည်။

အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင် ထိုးသတ်မည့် စိုးလင်းဦး (မြန်မာ)နှင့် ပါရော့စမွေ(ခ) ဝီဂျစ်(ထိုင်း) တို့ပွဲစဉ်မှာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် သုံးကြိမ်မြောက်ယှဉ်ပြိုင် ထိုးသတ်ခြင်းဖြစ်ပြီး နှစ်ကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ် ခဲ့သည့်ပွဲစဉ်တွင် နှစ်ဦးစလုံးက အနိုင်ရလဒ်ရရှိရန် အတွက် ပညာစုံထုတ်သုံးပြီးယှဉ်ပြိုင်ထိုးသတ်ခဲ့သော် လည်း လက်ရည်ညီနေခြင်းကြောင့် အနိုင်အရှုံးရလဒ် ကွဲပြားစွာမထွက်ပေါ်ခဲ့ဘဲ သရေရလဒ်များသာထွက် ပေါ်ခဲ့သည်။ ယခုတစ်ကြိမ်ယှဉ်ပြိုင် ထိုးသတ်မည့် သုံးကြိမ်မြောက်တွေ့ဆုံသောပွဲစဉ်တွင် နှစ်ဦးစလုံးက အနိုင်အရှုံး ရလဒ်ကွဲပြားစွာ ထွက်ပေါ်ရန်အတွက် ယှဉ်ပြိုင်ထိုးသတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

မင်းသော်တာလွင်

Read 460 times Last modified on Wednesday, 14 March 2018 09:22