SJ WorldNews - шаблон joomla Авто

မိခင် ပျောက်ဆုံးနေသော ဝံသားပေါက် နှစ်ကောင်အား လွှဲပြောင်းပေးအပ်

Wednesday, 14 March 2018 09:18 font size decrease font size decrease font size increase font size increase font size

ဝန်းသို မတ် ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဝန်းသိုမြို့ ဒေါင်းမြူးခန်းမ၌ ယနေ့နံနက် ၁ဝနာရီတွင် မိခင် ပျောက်ဆုံး နေသော ဝံသားပေါက်  အမနှစ်ကောင်အား မြို့နယ် သစ်တော ဦးစီးဌာနထံ လွှဲပြောင်းပေး အပ်ပွဲ အခမ်းအနားကျင်းပသည်။

မိုင်းသုန်ကျေးရွာနေ ဦးအောင်ငြိမ်းသည် မိုင်းသုန်ကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ မိခင်ပျောက်ဆုံး နေသည့် ခန့်မှန်း အသက် ၄၅ ရက်သားခန့်ရှိသော  ဝံသားပေါက်အမနှစ်ကောင်အား တွေ့ရှိခဲ့၍ ယခုကဲ့သို့ သက်ဆိုင်ရာသို့ လာရောက်လွှဲပြောင်း ပေးအပ်ရခြင်းဖြစ်သည်။

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ  တာဝန်ရှိ သူများ၊  မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများ၊ မိုင်းသုန် ကျေး ရွာနေ ပြည်သူများ တက်ရောက်ကြောင်း သိရသည်။                            

ကျော်မြိုင် (ပြန်/ဆက်)

Read 335 times Last modified on Wednesday, 14 March 2018 09:20