SJ WorldNews - шаблон joomla Авто

တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Tuesday, 13 March 2018 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မတ်    ၁၂

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့်   မြစ်ရေယာဉ် (စကု) တို့သည် ယနေ့ တွင် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျီးချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၁ဝ၆၉ ဦးအား အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ  ၃၆၅ ဦး၊ ခွဲစိတ်ရောဂါ ၇၂ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၆၄ ဦး၊ ကလေး ရောဂါ ၈၅ ဦး၊ အရိုးရောဂါ ၁၃၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၇၆ ဦး၊ မျက်စိ ရောဂါ ၁၉၆ ဦးနှင့် သွားရောဂါ ၇၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး  ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ  ၂၆  ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၃ဦးတို့ကို ခွဲစိတ် ကုသမှု များဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၆၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄ဝ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၈၅ ဦးတို့ကို ရောဂါ ရှာဖွေ စမ်းသပ် စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာနှစ်ဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။   

Read 228 times Last modified on Tuesday, 13 March 2018 08:35