SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တတိယ အကြိမ် အာရှ- ပစိဖိတ်ရေ ညီလာခံ သို့ တက်ရောက် လာသည့် တီမော လက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယ သမ္မတ နိုင်ငံ တို့မှ ဝန်ကြီးများအား သီးခြားစီလက်ခံတွေ့ဆုံ

Tuesday, 12 December 2017 09:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ  ၁၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် တတိယ အကြိမ် အာရှ- ပစိဖိတ် ရေညီ လာခံ ( The 3rd  Asia-Pacific Water Summit-  3rd  APWS) သို့ တက်ရောက်လာသည့်  တီမော လက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့မှ  ဝန်ကြီးများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ် အလုံခန်းမ၌  သီးခြားစီတွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တီမော လက်စ်တေ ဒီမိုကရက် တစ် သမ္မတ နိုင်ငံမှ  Senior Minister and National Security  Advisor , Former  President H.E. Mr.  Jose Ramos - Horta အား နံနက် ၁ဝ နာရီခွဲတွင် ဆီဒိုးနားဟိုတယ်၌ တွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီတွင် ဂျပန်နိုင်ငံ မှ Minister of   Land,  Infra-structure, Transport and Tourism  H.E. Mr.Keiichi Ishii  နှင့်လည်း ကောင်း၊ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံမှ   Minister of state  and Housing and  Urban  Affairs H.E.Hardeep  Singh  Puri  နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအုန်း မောင်၊  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ နိုင်ငံများမှ  သံအမတ်ကြီးများနှင့် သံရုံး အဖွဲ့ ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 128 times Last modified on Tuesday, 12 December 2017 09:25