SJ WorldNews - шаблон joomla Авто

(၅၉) ကြိမ်မြောက် အမျိုးသား တံခွန်စိုက် ဆုဖလား စက်ဘီး(တာဝေး) စီးပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

Tuesday, 12 December 2017 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁၁

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်  MyanShwe Pyi Tractors Limited၊ Myanmar C.P. Livestock Co.,Ltd.၊ F & N Co., Ltd.(100 PLUS) နှင့်မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့်  (၅၉)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်ဆုဖလား စက်ဘီး (တာဝေး)စီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပြင်ပတ်လမ်း၌ ကျင်းပသည်။                                                          

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း ဝန်ဦးကျော်ဦး၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်သည်။

ရှေးဦးစွာ အမျိုးသားအသင်းလိုက် ၆ဝ ကီလိုမီတာ တာဝေးပြိုင်ပွဲကို ကျင်းပရာ ပထမဆုကို GTM Team၊ ဒုတိယဆုကို TRINX  Team၊ တတိယဆုကို  TWITTER Team တို့က အသီးသီး ရရှိကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ အမျိုးသမီး ၁ဝ၄ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား၁၅၄ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား ၂၅ နှစ် အောက် ၂၁ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား၂၅-၄ဝ နှစ် ၂၁ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား ၄ဝ နှစ်အထက် ၂၁ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား ၂၅ နှစ်အောက် ၁ဝ၄ ကီလိုမီတာပြိုင်ပွဲ၊ အမျိုးသား ၂၅-၄ဝ နှစ် ၁ဝ၄ ကီလို မီတာပြိုင်ပွဲနှင့် အမျိုးသား ၄ဝ နှစ်အထက်၁ဝ၄ ကီလိုမီတာပြိုင်ပွဲတို့တွင် ဆုရရှိသူများအား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အမှုဆောင် ဒေါ်အေးသိန်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဘဏ္ဍာရေးမှူး ဦးအောင်နိုင်မိုး၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းသန်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူက

အမျိုးသမီး(Elite)၂၁ ကီလိုမီတာပြိုင်ပွဲနှင့် အမျိုးသား(Elite) ၃ဝ ကီလိုမီတာ ပြိုင်ပွဲတို့တွင် ဆုရရှိသူ များအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ပေးအပ်သည်။

ထို့နောက် အမျိုးသား အသင်းလိုက် ၆ဝကီလိုမီတာပြိုင်ပွဲတွင် ဆုရရှိသူများအား အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက တစ်ဦးချင်းဆုနှင့် ငွေသားဆု၊ အမျိုးသမီး အကောင်းဆုံး အားကစားသမား ဆုရကျော့ကေခိုင် (မန္တလေးသိပ္ပံ)နှင့် အမျိုးသား အကောင်းဆုံး အားကစား သမားဆုရ ဇင်လင်းကို (TRINX Team) တို့ကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးက ချန်ပီယံ အင်္ကျီ၊ တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆု၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားတွင် ပထမဆုရရှိသည့် အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)နှင့် ဒုတိယဆု ရရှိသည့် GTM Team တို့ကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦးက တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ၊ အမျိုးသား တံခွန်စိုက် ဆုဖလားများတွင် ပထမဆု ရရှိသည့်fh GTM Team ၊ ဒုတိယ ဆုရရှိသည့် TRINX Team ၊ တတိယဆု ရရှိသည့် Bike World Team တို့ကို မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက တံခွန်စိုက် ဖလားနှင့်   ငွေသားဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်လွင်

Read 107 times Last modified on Tuesday, 12 December 2017 08:30