SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တွေ့ဆုံ အားပေး

Thursday, 07 December 2017 13:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာ ၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်း မှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် မိသားစုများအား သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ တစ်ဦးချင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေ များအား မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ သည်လည်း အမျိုးသမီး ကုသ ဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 21 times Last modified on Thursday, 07 December 2017 13:59