SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေး

Thursday, 07 December 2017 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ အခြေစိုက် Rafto Foundation for Human Rights ၏ အမှုဆောင်အရာရှိ Mr. Jostein Hole Kobbeltvedt နှင့် Norwegian Burma Committee (NBC Myanmar) ၏ ညွှန်ကြားရေးမှူး Mr.  Audun Aagre တို့အား ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ ယာယီဌာနေ ကိုယ်စားလှယ် Mr. Knut Ostby အား နံနက် ၁၁ နာရီတွင် လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

Read 238 times Last modified on Thursday, 07 December 2017 08:58