SJ WorldNews - шаблон joomla Авто

AFC Cup-2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ရန်ကုန် ယူနိုက်တက်အသင်း အုပ်စု (F) တွင် ကျရောက်

Thursday, 07 December 2017 08:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန်      ဒီဇင်ဘာ       

AFC Workshop နှင့် AFC Cup-2018 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့တွင် မလေးရှားနိုင်ငံ  ကွာလာ လမ်ပူမြို့ ၌ ကျင်းပရာ  မြန်မာနိုင်ငံကိုယ်စားပြု  ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန် ယူနိုက်တက်အသင်းသည် အုပ်စု(G)တွင် ကျရောက်နေသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် AFC Cup-2018 ပြိုင်ပွဲတွင် Play-Off  အဆင့်မှ ဝင်ရောက် ယှဉ်ပြိုင်ရ မည်ဖြစ် သော်လည်း  ရန်ကုန်ယူနိုက်တက် အသင်းနှင့် Play-Off အဆင့်တွင်တွေ့ဆုံရမည့် အရှေ့တီ မောကလပ်အသင်းနှင့် ဘရူနိုင်းကလပ် အသင်းတို့က ပြိုင်ပွဲမှ နုတ်ထွက် သွားခဲ့သောကြောင့် အုပ်စု အဆင့်မှ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup-2018  အုပ်စု (G) တွင် အိန္ဒိယ ကလပ်၊ ဗီယက်နမ် ကလပ်နှင့် ဖိလစ်ပိုင် ကလပ်အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

ရှမ်းယူနိုက်တက် အသင်းသည် အာရှချန်ပီယံလိဂ် ပထမအဆင့် ခြေစစ်ပွဲတွင် အင်ဒိုနီးရှား ကလပ် ဘာလီ ယူနိုက်တက်၊ စင်ကာပူ ကလပ် တမ်ပနိစ်ရိုဗာအသင်း၊ ဖိလစ်ပိုင်လိဂ် ချန်ပီယံ အသင်းတို့မှ တစ်သင်း သင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး  ဒုတိယအဆင့်သို့  တက်ရောက်နိုင်ခဲ့ပါက သြစတြေးလျ၊ ထိုင်း၊ ဟောင်ကောင်၊  ဗီယက်နမ်နှင့် မလေးရှား ကလပ်အသင်း တစ်သင်းသင်းနှင့် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

ရှမ်းယူနိုက်တက် အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ မအောင်မြင်လျှင် AFC Cup-2018  ပြိုင်ပွဲအုပ်စု (F) တွင် ကစားရမည်ဖြစ်ကာ ခြေစစ်ပွဲ အောင်မြင်ပြီး အုပ်စုအဆင့်ထိ တက်ရောက်နိုင်ခဲ့လျှင် ရှမ်းယူနိုက်တက် အသင်း၏ နေရာတွင် မြန်မာနေရှင်နယ် လိဂ်အဆင့် သုံးနေရာ၌ ရပ်တည်နိုင်ခဲ့သည့် ရတနာပုံ အက်ဖ်စီ အသင်းက ဝင်ရောက်ကစား ခွင့်ရရှိမည်ဖြစ်သည်။

အာရှဖလားခြေစစ်ပွဲစဉ်များနှင့် AFC Cup-2018  ခြေစစ်ပွဲများ ကစားပြီးချိန်မှသာ မြန်မာကိုယ်စားပြု ကလပ် အသင်းများ ဝင်ရောက် ကစားရမည့် AFC Cup-2018  အုပ်စု (F) နှင့် အုပ်စု (G) ပွဲစဉ်များကို သိရမည်ဖြစ်ကြောင်း သိရသည်။

စည်သူ

Read 16 times Last modified on Thursday, 07 December 2017 08:43