SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၂၁ နှင့် MNL ညွန့်ပေါင်းအသင်းတို့ ခြေစမ်းပွဲသရေကျ

Thursday, 07 December 2017 07:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ 

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲယှဉ် ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းသည် MNL ညွန့်ပေါင်းအသင်းနှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ  ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် အပြီးသတ် ကစားသမားများ ရွေးချယ်ရန်နှင့် နောက်ဆုံး ပြင်ဆင်မှုပြုလုပ်ရန် MNL ညွန့်ပေါင်းအသင်း နှင့် ခြေစမ်း ကစားခြင်းဖြစ်သော်လည်း သရေ  ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

MNL ညွန့်ပေါင်းအသင်းသည် နိုင်ငံခြား သားကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့ပြီး ဇော်မင်းထွန်း၊ ကျော်ဇင်ထက်(ဂိုး)၊ ဇင်မင်း ထွန်း၊ မင်းမင်းသူတို့ကို တွဲဖက်အသုံးပြုခဲ့သည်။ ခြေစွမ်းပိုင်းအရ MNL ညွန့်ပေါင်းအသင်းက ပထမပိုင်းတွင် ပိုဖိကစားနိုင်ခဲ့ပြီး မြန်မာ ယူ-၂၁ အသင်းမှာမူ ပွဲအစတွင် ပုံစံကောင်းပြ သနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ၃၂ မိနစ်တွင် MNL ညွန့်ပေါင်းအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး အီမန်နျူရယ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင်  မြန်မာ ယူ-၂၁ အသင်း  တိုက်စစ်အားမြှင့်ခဲ့ပြီး ၃၉ မိနစ်တွင် တိုက်စစ်မှူး ဇင်မင်းထွန်းက ချေပဂိုး သွင်းယူခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် ယခုပွဲသရေ ကျခဲ့သော်လည်း ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲ နှစ်ပွဲစလုံးတွင် ရလဒ် ကောင်းများရယူနိုင်ခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ ယခု ပွဲတွင် နှစ်သင်း စလုံး အပိုင်ဂိုးသွင်းခွင့် များ အသုံး မချနိုင်ခဲ့၍ သရေကျခဲ့ခြင်း ဖြစ်သည်။

 

Read 25 times Last modified on Thursday, 07 December 2017 08:05