SJ WorldNews - шаблон joomla Авто

ရှီကျင့်ဖျင်နှင့် ထရမ့် ဖုန်းမှတစ်ဆင့် ဆွေးနွေး နျူကလီးယားအရေးအား သည်းခံရန် ထရမ့်ကို တိုက်တွန်း

Sunday, 13 August 2017 11:37 font size decrease font size decrease font size increase font size increase font size

ပေကျင်း    သြဂုတ်    ၁၂

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် သြဂုတ် ၁၂ ရက်တွင် ကိုရီးယား ကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးပြီး နျူကလီးယားအရေးနှင့် စပ်လျဉ်း၍သည်းခံရန် ရှီကထရမ့် ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

ကိုရီးယား ကျွန်းဆွယ်အရေးနှင့် သက်ဆိုင်သည့် နိုင်ငံများအနေဖြင့် တင်းမာမှုမြင့်တက်စေမည့် မှတ်ချက်ပြုပြောဆိုမှု များနှင့် ပြုမူလုပ်ဆောင်မှုများကို ရှောင်ရှားရန်နှင့် အဆိုပါ အရေးကို သင့်လျော်စွာ ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ရှီကျင့်ဖျင်က ပြောသည်။

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ပါက တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့အတွက် ဘုံအကျိုးစီးပွားများကို ရရှိနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ အ ဖြေရရှိစေရန်အတွက် တွေ့ဆုံညှိနှိုင်းခြင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများက ဖြေရှင်းသင့်ကြောင်း ရှီကဆက်လက် ပြောသည်။

ထို့ပြင် အပြန်အလှန် လေးစားမှုကိုအခြေခံပြီး ကိုရီးယား ကျွန်းဆွယ်အရေး ပြေငြိမ်းစေရန်အတွက် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် အနီးကပ် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ နီးကပ်သော ဆက် ဆံရေးရှိခြင်းသည် တရုတ်-အမေရိကန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးကြီးကြောင်း ရှီကပြောသည်ဟု သိရသည်။

ထရမ့်ကမူ အမေရိကန်-တရုတ်ဆက်ဆံရေး ကောင်းမွန်လာခြင်းသည် နှစ်နိုင်ငံဆက် ဆံရေးတိုးတက်လာမည်ဟူ သော ၎င်း၏ယုံ ကြည်မှုကို ခိုင်မာစေကြောင်း၊ နျူကလီးယား အရေးကိုဖြေရှင်းရန် တရုတ်၏လုပ်ဆောင်ချက်များ အားလုံးကို အမေရိကန်ပြည်ေ ထာင်စုက အပြည့်အဝ နားလည်ကြောင်းနှင့် အဓိကကျသော နိုင်ငံတကာနှင့် ဒေသ တွင်းအရေးများတွင် တရုတ်နိုင်ငံနှင့် အနီးကပ်ဆက်ဆံရေး ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

Read 26 times Last modified on Sunday, 13 August 2017 11:38